လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာခရိုင်၊အရာတော်မြို့နယ်၊ကျောက်ပြောက်ကျေးရွာ ၊ သခွတ်ပင်ကျေးရွာ၊ ဇရစ်ကျေးရွာ၊ မကျီးစောက်ကျေးရွာ၊ ငွေတွင်းကျေးရွာနှင့် ဝါးတန်းကျေးရွာ ကျေးရွာ(၆)ရွာတို့မှ (၁၈-၄-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့်လေပြင်းဘေးအတွက် အမိုးလန်အိမ်ခြေ (၁၀၆)လုံး၊ ပြိုကျနေအိမ်(၁၄)နှင့် ဘုန်းကြီးကျောင်း(၂)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၆၁၅၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၁၀၆)အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၄)အိမ်ထောင်စာတို့ကို (၂၂-၄-၂၀၁၉)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် အရာတော်မြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw

# sgg _apr2019

Sign Up

Upcoming Events