Category Archives: News
-
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ အရှေ့မြောက်ကုန်း(တဲတိုက်)ရှိ ပြည်သူများ သောက်သုံး ရေပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၀၀)လုံး၊ အိမ်ထောင်စု (၁၁၂)စု၊ လူဦးရေ (၅၇၃)ဦးခန့် အတွက် သောက်သုံးရေ (၆၀၀၀)ဂါလံ ကို (၂၃-၄-၂၀၁၉)ရက်နေ့၊ (၁၀း၃၀)နာရီအချိန်တွင် သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ha_drg # mgy_apr2019
-
လေပြင်းဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုးကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၂၃-၄-၂၀၁၉) ရက်နေ့၌ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာတွင် လေပြင်းဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးအတွက် လေပြင်းဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသော လူနေအိမ်များဖြစ်စေရေးအတွက် မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။# ar_sgw # shn_apr2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မိုင်းဆက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၁၉)ရက်နေ့(၁၆း၁၅)နာရီအချိန်တွင် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ (၆)ခုတို့တွင် လေပြင်း တိုက်ခတ်ခဲ့ရာ လူနေအိမ်ခြေ(၁၇)လုံး၊ အိမ်ထောင်စု(၁၇)စုနှင့် လူဦးရေ(၇၁)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း (၁,၁၅၀,၀၀၀/-) ကျပ် အား (၂၃-၄-၂၀၁၉)ရက်နေ့တွင် လေဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) # ha_sgw # shn _apr2019
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နတ်မောက်မြို့နယ်၊ ကျေးရွာ(၉) ရွာတို့တွင် (၁၇-၄-၂၀၁၉)ရက်နေ့ (၁၈း၃၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးသင့်မှုကြောင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆွမ်းချက်ဆောင် (၂) လုံးအတွက် (၁၀၀၀၀၀/-)ကျပ်၊ ပြိုကျအိမ်ခြေ (၁၀)လုံးနှင့် အမိုးလန်အိမ်ခြေ (၈၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃,၀၃၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃,၄၃၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၁၀) စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၈၂) စုစာတို့အား … Read more
-
တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၄-၂၀၁၉)ရက်နေ့ညနေ (၁၈၁၅)အချိန်ခန့်က တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ အားရဲ့ကျေးရွာ၌ တောမီးလောင်ရာမှတဆင့်ကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ/အိမ်ထောင်စု (၂)စုမှ လူဦးရေစုစုပေါင်း (၁၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ပေးအပ်ငွေ (၂၇,၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၇,၃၀၀)ကျပ်အား တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ (၂၃-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့် ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေ များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉)ရက်နေ့ (၁၁း၄၅)အချိန် ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာနှင့် ဖတ်တဲကုန်းကျေးရွာတို့ရှိ သောက်သုံးရေ အခက်ခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ခြေ(၂၁၀)အိမ်၊ လူဦးရေ(၉၇၀)ဦးအတွက် ပုဗ္ဗသီရိမြို့နယ် မြို့နယ်အုပ်ချူပ်ရေးမှူး ပါဝင်သည့်အဖွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့သည် စုစုပေါင်းသောက်သုံးရေဂါလံ(၃၂၀၀)အား သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #npw_apr2019
-
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၃) ဦးတို့အားထောက်ပံ့မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများပါဝင်လျက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသော ဘုတလင်မြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ကနီမြို့နယ်များမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၃) ဦးတို့အား နေ့တွက်စရိတ် (၁) ဦးလျှင် (၉,၀၀၀) ကျပ်နှုန်းဖြင့် (၂၃)ယောက်စာ (၂၀၇,၀၀၀/-) ကျပ်၊ ခရီးစရိတ် (၁) ဦးလျှင် (၁၅,၀၀၀/-) ကျပ်နှုန်းဖြင့် (၃၄၅,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၅၂,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ကျားလုံချည် (၁၇) ထည်၊ မလုံချည် (၆) … Read more
-
ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉)ရက်နေ့တွင် ပုဂံမြို့သစ်၊ လမ်းမတော်၊ မြို့လယ်ဘုရားမြောက်ဘက်၊ ကျော်စွာရပ်၌ သဘာဝဘေးအမျိုးမျိုနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်အလက်များအား အများပြည်သူ သိရှိစေရန်အတွက် မီးဘေးအသိပညာပေးဗွီနိုင်းဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၁၉)ရက်နေ့တွင် (၁၇၅၀)မှ (၁၈၁၀)နာရီအချိန်ထိ ဆင်ပေါင်ဝဲမြို့နယ်၊ ရပ်ကွက်(၁)ရပ်ကွက်နှင့် ကျေးရွာ(၂)ရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် အိမ်ခြေ(၁၄)လုံး၊ အိမ်ထောင်စု (၁၄)စုမှ လူဦးရေ (၅၀)ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၅၀)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာတန်ဖိုးငွေ (၁၀၅,၀၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၆၅,၀၀၀)၊ စုစုပေါင်းရန်ပုံငွေ (၂၇၀,၀၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁၄)အိမ်ထောင်စာတို့အား (၂၃-၄-၂၀၁၉) ရက်နေ့တွင်ဆင်ပေါင်ဝဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ဆောင်စမ်းကျေးရွာအုပ်စု၊ ကျောက်ဆောင်စမ်းကျေးရွာတွင် (၁၇-၄-၂၀၁၉)ရက်နေ့ (၁၈၂၀)အချိန်မှ (၁၈၂၅)နာရီ အချိန်ထိ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ထိခိုက်အိမ်ခြေ (၃၃)လုံး အမိုးလန်ခဲ့ပြီး အိမ်ထောင်စု (၃၃)စုမှ လူဦးရေစုစုပေါင်း(၁၄၈)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာတန်ဖိုးငွေ (၃၁၀,၈၀၀)ကျပ်နှင့် နေအိမ်(၃၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၅၂၀,၀၀၀)၊ စုစုပေါင်းရန်ပုံငွေ (၈၃၀,၈၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၃၃)အိမ်ထောင်စာတို့အား (၂၃-၄-၂၀၁၉) ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။









