လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၄-၂၀၁၉)ရက်နေ့ညနေ (၁၈၁၅)အချိန်ခန့်က တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ အားရဲ့ကျေးရွာ၌ တောမီးလောင်ရာမှတဆင့်ကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ/အိမ်ထောင်စု (၂)စုမှ လူဦးရေစုစုပေါင်း (၁၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ပေးအပ်ငွေ (၂၇,၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၇,၃၀၀)ကျပ်အား တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ (၂၃-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့် ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။