မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း

 

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ အရှေ့မြောက်ကုန်း(တဲတိုက်)ရှိ ပြည်သူများ သောက်သုံး ရေပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၀၀)လုံး၊ အိမ်ထောင်စု (၁၁၂)စု၊ လူဦးရေ (၅၇၃)ဦးခန့် အတွက် သောက်သုံးရေ (၆၀၀၀)ဂါလံ ကို (၂၃-၄-၂၀၁၉)ရက်နေ့၊ (၁၀း၃၀)နာရီအချိန်တွင် သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

# ha_drg

# mgy_apr2019

 

Sign Up

Upcoming Events