လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၁၉)ရက်နေ့တွင် (၁၇၅၀)မှ (၁၈၁၀)နာရီအချိန်ထိ ဆင်ပေါင်ဝဲမြို့နယ်၊ ရပ်ကွက်(၁)ရပ်ကွက်နှင့် ကျေးရွာ(၂)ရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် အိမ်ခြေ(၁၄)လုံး၊ အိမ်ထောင်စု (၁၄)စုမှ လူဦးရေ (၅၀)ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၅၀)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာတန်ဖိုးငွေ (၁၀၅,၀၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၆၅,၀၀၀)၊ စုစုပေါင်းရန်ပုံငွေ (၂၇၀,၀၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁၄)အိမ်ထောင်စာတို့အား (၂၃-၄-၂၀၁၉) ရက်နေ့တွင်ဆင်ပေါင်ဝဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။