လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မိုင်းဆက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၁၉)ရက်နေ့(၁၆း၁၅)နာရီအချိန်တွင် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ (၆)ခုတို့တွင် လေပြင်း တိုက်ခတ်ခဲ့ရာ လူနေအိမ်ခြေ(၁၇)လုံး၊ အိမ်ထောင်စု(၁၇)စုနှင့် လူဦးရေ(၇၁)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း (၁,၁၅၀,၀၀၀/-) ကျပ် အား (၂၃-၄-၂၀၁၉)ရက်နေ့တွင် လေဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုင်းဆက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
# ha_sgw
# shn _apr2019