တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၃) ဦးတို့အားထောက်ပံ့မှုသတင်း

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများပါဝင်လျက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသော ဘုတလင်မြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ကနီမြို့နယ်များမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၃) ဦးတို့အား နေ့တွက်စရိတ် (၁) ဦးလျှင် (၉,၀၀၀) ကျပ်နှုန်းဖြင့် (၂၃)ယောက်စာ (၂၀၇,၀၀၀/-) ကျပ်၊ ခရီးစရိတ် (၁) ဦးလျှင် (၁၅,၀၀၀/-) ကျပ်နှုန်းဖြင့် (၃၄၅,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၅၂,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ကျားလုံချည် (၁၇) ထည်၊ မလုံချည် (၆) ထည်၊ တဘက် (၂၃) ထည်၊ တီရှပ် (၂၃) ထည်နှင့် ဆပ်ပြာ(၂၃) တောင့်တို့အား ခေတ္တနေထိုင်ရာ မုံရွာမြို့ပြည်သူ့အားကစားကွင်း၌ ( ၂၃ -၄ -၂၀၁၉ ) ရက်နေ့တွင် ထောက်ပံံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။#otr
#sgg_apr2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events