လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ဆောင်စမ်းကျေးရွာအုပ်စု၊ ကျောက်ဆောင်စမ်းကျေးရွာတွင် (၁၇-၄-၂၀၁၉)ရက်နေ့ (၁၈၂၀)အချိန်မှ (၁၈၂၅)နာရီ အချိန်ထိ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ထိခိုက်အိမ်ခြေ (၃၃)လုံး အမိုးလန်ခဲ့ပြီး အိမ်ထောင်စု (၃၃)စုမှ လူဦးရေစုစုပေါင်း(၁၄၈)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာတန်ဖိုးငွေ (၃၁၀,၈၀၀)ကျပ်နှင့် နေအိမ်(၃၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၅၂၀,၀၀၀)၊ စုစုပေါင်းရန်ပုံငွေ (၈၃၀,၈၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၃၃)အိမ်ထောင်စာတို့အား (၂၃-၄-၂၀၁၉) ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။