လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နတ်မောက်မြို့နယ်၊ ကျေးရွာ(၉) ရွာတို့တွင် (၁၇-၄-၂၀၁၉)ရက်နေ့ (၁၈း၃၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးသင့်မှုကြောင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆွမ်းချက်ဆောင် (၂) လုံးအတွက် (၁၀၀၀၀၀/-)ကျပ်၊ ပြိုကျအိမ်ခြေ (၁၀)လုံးနှင့် အမိုးလန်အိမ်ခြေ (၈၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃,၀၃၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃,၄၃၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၁၀) စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၈၂) စုစာတို့အား (၂၂-၄-၂၀၁၉)ရက်နေ့ (၁း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။#ha_sgw
#mgy_apr2019Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)