Category Archives: News
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၅.၂၀၁၉)ရက်နေ့ နေ့လည်(၁၅း၃၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန် ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ အုတ်ဖိုမြို့နယ်အတွင်းကျေးရွာအုပ်စု(၃)စုတို့တွင် (၂.၅.၂၀၁၉)ရက်နေ့ က ဖြစ်ပွားခဲ့သော လေပြင်းဘေးမှ အမိုးလန်/တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁၀)အိမ်ထောင်စာ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၄၂၅၀၀ိ/) ကျပ်တိတိကို လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2019 Source – မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉) ရက်နေ့ (၁၉းဝ၀) နာရီအချိန်တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ရေစကြိုမြို့နယ်၊ ထန်းတောငယ်ကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၉၇) အိမ်၊ အိမ်ထောင်စု (၂၁၈) စု၊ လူဦးရေ (၁၁၀၈) ဦးခန့်အတွက် စေတနာရှင် ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ကမ္ဘောဇအလင်းတန်း မြန်မာ ဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ (၃၆၀၀) ကို သွားရောက် ဖြန့်ဝေထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2019 … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ ကြိုးကြာကန်ကျေးရွာတွင် လူဦးရေ(၇၀)ဦးခန့်တို့အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း၊ မီးဘေး၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mgy_may2019 Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အမိုးများပျက်စီးသွားခဲ့သော ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ လူနေအိမ် (၂) လုံးမှ အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၂) အိမ်ထောင်စာတို့အား (၆-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_sgw #shn_may2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၅.၂၀၁၉) နေ့ (ရး၄၅)အချိန်တွင် ထမင်းပေါင်းအိုး ဝါယာကြိုးမှ အပူလွန်ကဲပီး ကောလင်းမြို့နယ်၊ ဈေးရုံဗိုလ်တဲရပ်ကွက်တွင် မီးလောင်မှု ဖြစ်သွားရာ နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၃) စု ကဆရပစ္စည်း(၁၆)မျိုး၊ (၃) အိမ်ထောင်စာ၊ ထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-) လူ (၇) ဦးစာ၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀ိ/-) စုစုပေါင်း (၁၁၄၇၀၀ိ/-) တိတိအား (၆.၅.၂၀၁၉) နေ့တွင် ဘေးသင့်သူပြည်သူထံ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း … Read more
-
ကျောက်တံခါးမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများ ထောက်ပံ့ပေးမှုသတင်း
ပဲခူးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ထပ်တိုး ပြိုလဲနေအိမ်(၁၇)လုံး၊ အမိုးလန်/တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၄၇)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း(၂)ကျောင်း၊ ပြိုလဲနေအိမ်များမှ လူဦးရေ(၇၉)ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးနှင့် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅,၈၃၀,၉၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၇) အိမ်ထောင်စာ၊ (၂-၅-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၂)လုံး၊ အမိုးလန်/ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ်(၆၉)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း(၂)ကျောင်း၊ ပြိုလဲနေအိမ်များမှ လူဦးရေ(၁၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃,၂၁၄,၆၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၂)အိမ်ထောင်စာ၊ စုစုပေါင်းထောက်ပံ့ငွေ(၉,၀၄၅,၅၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး (၁၉)အိမ်ထောင်စာတို့အား (၄-၅-၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာနှင့် ဖတ်တဲကုန်းကျေးရွာတို့ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၂၁၀) အိမ်မှ လူဦးရေ (၉၇၀) ဦးအတွက် သောက်သုံးရေဂါလံ (၃၂၀၀) ကို သွားရောက်ဖြန့်ဝေထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #npt_may2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်း မုတ်သုံအကြိုကာလ သဘာဝဘေးအန္တရာယ်လျာ့ပါးစေရန်အတွက် စစ်တွေမြို့ကားဂိတ်အရှေ့တွင် ရေဘေး ဗွီနိုင်းပိုစတာနှင့် လောကနန္ဒာဘုရားရှေ့တွင် မုန်တိုင်းဘေး ဗွီနိုင်းပိုစတာတို့ကို စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #rke_may2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ညောင်ဦးမြို့နယ်၊ ကျောက်ကန်ကျေးရွာအုပ်စု၊ ကျောက်ကန်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၀၂) စုမှ လူဦးရေ (၉၇၂) ဦးအတွက် သောက်သုံးရေဂါလံ (၁၆၀၀) ကို ညောင်ဦးမြို့နယ် ပုဂံမီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ဖြန့်ဝေထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကူညီထောက်ပ့ံရေးလုပ်ငန်းများ လက်တွေ့သရုပ်ပြသခြင်း ပူးပေါင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)မှ တာဝန်ရှိသူများသည် မေလ (၅) ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့တွင် မြေငလျင်လှုပ်ခတ် ပြီးနောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အရေးပေါ်ကွပ်ကဲရေးရုံး၊ အရေးပေါ် ကျန်းမာရေးဌာန၊ ယာယီခိုလှုံရန်နေရာများသတ်မှတ်၍ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ် ကူညီထောက်ပံ့ရေးလုပ်ငန်းများ လက်တွေ့သရုပ်ပြသခြင်းကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသတင်း ရရှိပါသည်။ #simex #shn_may2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









