လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ညောင်ဦးမြို့နယ်၊ ကျောက်ကန်ကျေးရွာအုပ်စု၊ ကျောက်ကန်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၀၂) စုမှ လူဦးရေ (၉၇၂) ဦးအတွက် သောက်သုံးရေဂါလံ (၁၆၀၀) ကို ညောင်ဦးမြို့နယ် ပုဂံမီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ဖြန့်ဝေထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_may2019
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)