လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာနှင့် ဖတ်တဲကုန်းကျေးရွာတို့ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၂၁၀) အိမ်မှ လူဦးရေ (၉၇၀) ဦးအတွက် သောက်သုံးရေဂါလံ (၃၂၀၀) ကို သွားရောက်ဖြန့်ဝေထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#npt_may2019
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)