ကျောက်တံခါးမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများ ထောက်ပံ့ပေးမှုသတင်း

6_Pic_01

ပဲခူးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ထပ်တိုး ပြိုလဲနေအိမ်(၁၇)လုံး၊ အမိုးလန်/တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၄၇)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း(၂)ကျောင်း၊ ပြိုလဲနေအိမ်များမှ လူဦးရေ(၇၉)ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးနှင့် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅,၈၃၀,၉၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၇) အိမ်ထောင်စာ၊ (၂-၅-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၂)လုံး၊ အမိုးလန်/ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ်(၆၉)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း(၂)ကျောင်း၊ ပြိုလဲနေအိမ်များမှ လူဦးရေ(၁၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃,၂၁၄,၆၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၂)အိမ်ထောင်စာ၊ စုစုပေါင်းထောက်ပံ့ငွေ(၉,၀၄၅,၅၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး (၁၉)အိမ်ထောင်စာတို့အား (၄-၅-၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#ha_sgw
#bgo_may2019

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events