
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၅.၂၀၁၉) နေ့ (ရး၄၅)အချိန်တွင် ထမင်းပေါင်းအိုး ဝါယာကြိုးမှ အပူလွန်ကဲပီး ကောလင်းမြို့နယ်၊ ဈေးရုံဗိုလ်တဲရပ်ကွက်တွင် မီးလောင်မှု ဖြစ်သွားရာ နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၃) စု ကဆရပစ္စည်း(၁၆)မျိုး၊ (၃) အိမ်ထောင်စာ၊ ထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-) လူ (၇) ဦးစာ၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀ိ/-) စုစုပေါင်း (၁၁၄၇၀၀ိ/-) တိတိအား (၆.၅.၂၀၁၉) နေ့တွင် ဘေးသင့်သူပြည်သူထံ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#sgg_apr2019
Source – ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)