လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)မှ တာဝန်ရှိသူများသည် မေလ (၅) ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့တွင် မြေငလျင်လှုပ်ခတ် ပြီးနောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အရေးပေါ်ကွပ်ကဲရေးရုံး၊ အရေးပေါ် ကျန်းမာရေးဌာန၊ ယာယီခိုလှုံရန်နေရာများသတ်မှတ်၍ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ် ကူညီထောက်ပံ့ရေးလုပ်ငန်းများ လက်တွေ့သရုပ်ပြသခြင်းကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသတင်း ရရှိပါသည်။
#simex
#shn_may2019
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)