လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အမိုးများပျက်စီးသွားခဲ့သော ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ လူနေအိမ် (၂) လုံးမှ အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၂) အိမ်ထောင်စာတို့အား (၆-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_sgw
#shn_may2019
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)