လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉) ရက်နေ့ (၁၉းဝ၀) နာရီအချိန်တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ရေစကြိုမြို့နယ်၊ ထန်းတောငယ်ကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၉၇) အိမ်၊ အိမ်ထောင်စု (၂၁၈) စု၊ လူဦးရေ (၁၁၀၈) ဦးခန့်အတွက် စေတနာရှင် ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ကမ္ဘောဇအလင်းတန်း မြန်မာ ဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ (၃၆၀၀) ကို သွားရောက် ဖြန့်ဝေထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_may2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)