Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး UNOCHA မှ လက်ထောက် အတွင်းရေးမှူးချုပ် နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး ဦးဆောင်သောအဖွဲ့အား လက်ခံ တွေ့ဆုံ
နေပြည်တော်၊ မေ ၁၄ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UNOCHA မှ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးဖြစ်သူ Ms. Ursula Mueller နှင့်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနလက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နှင့် UNOCHA တို့ သဘောတူညီမှုစာလွှာ လက်မှတ်ရေးထိုး၍ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နေမှုများ၊ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဒုက္ခသည်စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဝယ်တောင်ကျေးရွာအုပ်စု၊ ဝယ်တောင်(မ)ကျေးရွာမှ စာသင်ဆောင် (၂) ဆောင်၊ လူနေအိမ် (၁၅) လုံး၊ ကြံစိမ့်ကျေးရွာအုပ်စု၊ တောင်ကြားကျေးရွာမှ လူနေအိမ် (၁) လုံး၊ လှည်း ခုတ်ကျေးရွာအုပ်စု၊ လှည်းခုတ်ကျေးရွာမှ စေတီ (၁) ဆူ၊ သီးတုန်းကျေးရွာအုပ်စု၊ ငါးဝင်းကျေးရွာမှ လူနေအိမ် (၂၁) လုံး၊ သီးတုန်းကျေးရွာမှ စာသင်ကျောင်း (၁) … Read more
-
လေဘေးသင့်ဘုန်းတော်ကြီးကျောင်းအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားကျေးရွာအုပ်စု၊ တောင်လှကျေးရွာ၊ စိတ္တသုခကျောင်း၊ (ဘာသာရေးကျောင်း) အမိုးလန်ပျက်စီးသွားပါသဖြင့် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ) ကယ်ဆယ်ရေးရန်ပုံငွေအား (၁၄-၅-၂၀၁၉)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံသို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_may2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပနေမှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူ းရုံးမှတာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ သံတွဲမြို့နယ်ရုံး၊ သံတွဲခရိုင်ကြက်ခြေနီတို့နှင့် ပူးပေါင်း၍ (၁၄.၅.၂၀၁၉) ရက်နေ့၊ နေ့လည် ( ၁၂) နာရီအချိန်မှ (၂:၀၀) နာရီ အချိန်အထိ သံတွဲခရိုင်၊ သံတွဲမြို့နယ် ခြံပြင်ကျေးရွာမူလတန်းကျောင်းတွင် ကျေးရွာသား/သူများအား ရာသီဥတုပြောင်းလဲလာမှု ငလျင်ဘေးအန္တရာယ် ရေဘေးဖြစ်ပွားမှု မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ရာတွင် ကျေးရွာသူ/သားများ (၇၃) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကျေးရွာ (၃) ရွာမှ အမိုးလန်အိမ်ခြေ (၂၃၅) လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း (၃) ကျောင်းနှင့် ပြိုကျနေအိမ် (၆) လုံးအတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၈၁၀၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂၃၅) အိမ်ထောင်စာနှင့် (၁၀) မျိုး (၆) အိမ်ထောင်စာတို့အား စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ၊ တိုင်း ဒေသကြီးဦးစီးမှူးနှင့် … Read more
-
မုန်တိုင်းအသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် သံဖြူဇရပ်မြို့၊ မြို့လယ်ပန်းခြံရှေ့တွင် မုန်တိုင်းအသိပညာပေး ဗွီနိုင်း ဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar_str #mon_may2019 Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး
-
ဒဏ်ရာရ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော ဒဏ်ရာရ တိုက်ပွဲရှောင်ပြည်သူ (၂) ဦးအား (၁) ဦးလျှင် (၅၀၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၀၀၀၀၀/-) ကျပ်ကို (၁၄-၅-၂၀၁၉) ရက်နေ့၌ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_may2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ နောင်လက်ကြီးကျေးရွာရှိ ကျေးရွာနေပြည်သူ (၁) ဦး မီးဘေးသင့် သေဆုံးခဲ့၍ သေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်အား ရွှေကူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ (၁၄-၅-၂၀၁၉) ရက်နေ့တွင် သေဆုံးသူ၏ မိသားစုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_fir #kcn_may2019 Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား MEC (၇)ပေသွပ်များ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်မကွေးမြို့နယ်၊ ကြို့ပင်အင်းကျေးရွာ၌ (၁၃-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၃၂)လုံး၊ အိမ်ထောင်စု(၃၂)စု၊ လူဦးရေ(၁၁၅)ဦးတို့မီးဘေးသင့်ခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စုများအတွက် အိမ်များအမြန်ပြန်လည်ဆောက်လုပ်နိုင်ရန် အိမ်ထောင်စု(၁)စုလျှင် MEC (၇)ပေသွပ် (၁၀)ချပ်နှုန်းဖြင့် အိမ်ထောင်စု (၃၂)စာအတွက် သွပ်(၃၂၀)ချပ်တို့အား (၁၅-၅-၂၀၁၉)ရက်နေ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉) ရက်နေ့၌ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းများသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၂၆၅) စုမှ လူဦးရေ (၉၅၁) ဦးတို့အတွက် အိမ်ထောင်စု (၁) စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (ကျားလုံချည် (၁) ထည်၊ မလုံချည် (၁) ထည်၊ တပတ် (၁) ထည်၊ တီရှပ် (၂) ထည်၊ ကာလတန်ဖိုး (၉၈၃ဝိ/-) ကျပ်) နှုန်းဖြင့် … Read more









