လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ နောင်လက်ကြီးကျေးရွာရှိ ကျေးရွာနေပြည်သူ (၁) ဦး မီးဘေးသင့် သေဆုံးခဲ့၍ သေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်အား ရွှေကူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ (၁၄-၅-၂၀၁၉) ရက်နေ့တွင် သေဆုံးသူ၏ မိသားစုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_fir
#kcn_may2019
Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)