တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉) ရက်နေ့၌ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းများသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၂၆၅) စုမှ လူဦးရေ (၉၅၁) ဦးတို့အတွက် အိမ်ထောင်စု (၁) စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (ကျားလုံချည် (၁) ထည်၊ မလုံချည် (၁) ထည်၊ တပတ် (၁) ထည်၊ တီရှပ် (၂) ထည်၊ ကာလတန်ဖိုး (၉၈၃ဝိ/-) ကျပ်) နှုန်းဖြင့် အိမ်ထောင်စု (၂၆၅) စုအတွက် ကျားလုံချည် (၁၆၅) ထည်၊ မလုံချည် (၂၆၅) ထည်၊ တပတ် (၂၆၅) ထည်၊ တီရှပ် (၅၃၀) ထည် ကာလတန်ဖိုးကျပ် (၂၆၀၄၉၅ဝိ/-) နှင့် လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး (၁) လစာ (၉ဝဝဝိ/-) ကျပ်နှုန်းဖြင့် လူဦးရေ (၉၅၁) ဦးအတွက် ဆန်ရိက္ခာဖိုး (၁) လစာ (၈၅၅၉ဝဝဝိ/-) ကျပ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ (၁၄-၅-၂၀၁၉) ရက်နေ့တွင် တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#otr
#rke_may2019

Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events