လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဝယ်တောင်ကျေးရွာအုပ်စု၊ ဝယ်တောင်(မ)ကျေးရွာမှ စာသင်ဆောင် (၂) ဆောင်၊ လူနေအိမ် (၁၅) လုံး၊ ကြံစိမ့်ကျေးရွာအုပ်စု၊ တောင်ကြားကျေးရွာမှ လူနေအိမ် (၁) လုံး၊ လှည်း ခုတ်ကျေးရွာအုပ်စု၊ လှည်းခုတ်ကျေးရွာမှ စေတီ (၁) ဆူ၊ သီးတုန်းကျေးရွာအုပ်စု၊ ငါးဝင်းကျေးရွာမှ လူနေအိမ် (၂၁) လုံး၊ သီးတုန်းကျေးရွာမှ စာသင်ကျောင်း (၁) ကျောင်း၊ လူနေအိမ် (၁) လုံး၊ ငါးမြောင်းကျေးရွာမှ အခြားအဆောက်အဦ (ကျောင်းအိမ်သာ) (၁) လုံး၊ လူနေအိမ် (၁) လုံး၊ ပျဉ်းဝင်းကျေးရွာမှ လူနေအိမ် (၅) လုံး၊ ဆင်စွယ်ကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာမှ လူနေအိမ် (၁) လုံး၊ ကျော်ရွာကျေးရွာမှ စာသင်ကျောင်း (၁) ကျောင်း၊ အခြားအဆောက်အဦ (၁) ခု၊ လူနေအိမ် (၃၂) လုံး၊ ညောင်မကျေးရွာမှ အခြားအဆောက်အဦ (ဝန်ထမ်းဆောင်) (၁) ဆောင်၊ လူနေအိမ် (၁၀) လုံး၊ စုစုပေါင်း စာသင်ကျောင်း (၄) ကျောင်း၊ လူနေအိမ် (၈၇) လုံး၊ အခြားအဆောက်အဦ (၄) ခုတို့ ပျက်စီးဆုံးရှုံးခဲ့ရာ  အမိုးလန်အိမ်ခြေ (၈၂) လုံး၊ အိမ်ထောင်စု (၈၂) စု၊ လူဦးရေ (၃၆၅) ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၁၆၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၇၆၆၅၀၀ိ/-)ကျပ်၊  စုစုပေါင်း (၃၉၂၆၅၀၀ိ/) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ (၈၂) စုံတို့အား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တကိုယ် တော်ပရဟိသမားများကွန်ယက်၊  ရေစကြိုမြို့နယ်၊ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အတူ  (၁၄-၅-၂၀၁၉) ရက်နေ့တွင် လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_sgw
#mgy_may2019

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events