လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူ းရုံးမှတာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ သံတွဲမြို့နယ်ရုံး၊ သံတွဲခရိုင်ကြက်ခြေနီတို့နှင့် ပူးပေါင်း၍ (၁၄.၅.၂၀၁၉) ရက်နေ့၊ နေ့လည် ( ၁၂) နာရီအချိန်မှ (၂:၀၀) နာရီ အချိန်အထိ သံတွဲခရိုင်၊ သံတွဲမြို့နယ် ခြံပြင်ကျေးရွာမူလတန်းကျောင်းတွင် ကျေးရွာသား/သူများအား ရာသီဥတုပြောင်းလဲလာမှု ငလျင်ဘေးအန္တရာယ် ရေဘေးဖြစ်ပွားမှု မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ရာတွင် ကျေးရွာသူ/သားများ (၇၃) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_may2019
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)