မီးဘေးသင့်ပြည်သူများအား MEC (၇)ပေသွပ်များ ထောက်ပံ့မှုသတင်း

14 pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်မကွေးမြို့နယ်၊ ကြို့ပင်အင်းကျေးရွာ၌ (၁၃-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၃၂)လုံး၊ အိမ်ထောင်စု(၃၂)စု၊ လူဦးရေ(၁၁၅)ဦးတို့မီးဘေးသင့်ခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စုများအတွက် အိမ်များအမြန်ပြန်လည်ဆောက်လုပ်နိုင်ရန် အိမ်ထောင်စု(၁)စုလျှင် MEC (၇)ပေသွပ် (၁၀)ချပ်နှုန်းဖြင့် အိမ်ထောင်စု (၃၂)စာအတွက် သွပ်(၃၂၀)ချပ်တို့အား (၁၅-၅-၂၀၁၉)ရက်နေ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw
#mgy_may2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events