
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားကျေးရွာအုပ်စု၊ တောင်လှကျေးရွာ၊ စိတ္တသုခကျောင်း၊
(ဘာသာရေးကျောင်း) အမိုးလန်ပျက်စီးသွားပါသဖြင့် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ) ကယ်ဆယ်ရေးရန်ပုံငွေအား (၁၄-၅-၂၀၁၉)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံသို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mdy_may2019
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)