လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကျေးရွာ (၃) ရွာမှ အမိုးလန်အိမ်ခြေ (၂၃၅) လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း (၃) ကျောင်းနှင့် ပြိုကျနေအိမ် (၆) လုံးအတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၈၁၀၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂၃၅) အိမ်ထောင်စာနှင့် (၁၀) မျိုး (၆) အိမ်ထောင်စာတို့အား စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ၊ တိုင်း ဒေသကြီးဦးစီးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ (၁၄-၅-၂၀၁၉) ရက်နေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_sgw
#sgg_may2019
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)