Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့တွင် တမူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်း စုစုပေါင်း (၅၀) ဦးခန့်အား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #sgg_may2019 Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ချောင်းဆင်း(တဲတိုက်)ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၀၀) လုံး၊ အိမ်ထောင်စု (၁၁၀) စု၊ လူဦးရေ (၅၅၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀)အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့တွင် မော်လိုက်မြို့နယ်၊ ပန်းသာကျေးရွာအုပ်စု၊ အောင်ချမ်းသာရွာနှင့် သရက်ကုန်းရွာမှ ကျေးရွာနေပြည်သူ (၁၂၀) ဦးခန့်တို့အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အားကာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေနံချောင်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာတွင် (၁၃-၅-၂၀၁၉)ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ. (၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၁၇၀၀၀၀)ကျပ်၊ လူဦးရေ(၃၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆၉၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၃၉၃၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ထောင်စု (၈)စုစာတို့အား (၁၅-၅-၂၀၁၉)ရက်နေ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
စလင်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ(၁၁)ရွာတွင် (၁၃-၅-၂၀၁၉)ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ဘုန်းတော် ကြီးကျောင်း(၄)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀ိ/-)ကျပ်၊ ပြိုကျအိမ်ခြေ(၂)လုံးအတွက် (၂၀၀၀၀၀ိ/-)ကျပ်၊ အမိုးလန်အိမ်ခြေ(၃၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၁၆၅၀၀၀၀ိ/-)ကျပ်၊ လူဦးရေ(၁၆၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၄၀၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၅၉၀၂၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး အိမ်ထောင်စု (၂)စုစာနှင့်ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ထောင်စု (၃၃)စုစာတို့အား (၁၄-၅-၂၀၁၉)ရက်နေ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
မကွေးမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ပေပင်စမ်းကျေးရွာအုပ်စု၊ လျော်တောင်ကျေးရွာတွင် (၁၃-၅-၂၀၁၉)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်သင့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၂၀၀၀၀၀)ကျပ်၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၆၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၆၈၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး အိမ်ထောင်စု (၂)စုစာတို့အား (၁၄-၅-၂၀၁၉)ရက်နေ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုများအပေါ် ပူးပေါင်းဆောင်ရွက် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ UNICEF၊ UNDP တို့နှင့် ပူးပေါင်းကျင်းပသော ရာသီဥတုပြောင်းလဲမှုနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုများအပေါ် ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား တောင်ကြီးဟိုတယ်တွင် မေလ (၁၄) ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပရာ ဗမာတိုင်းရင်း သားဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ UN၊ INGO၊ NGO နှင့် CSO အဖွဲအစည်းအသီးသီးမှ တာဝန်ရှိသူများစုစုပေါင်းအင်အား (၉၀) ဦး တက်ရောက်ခဲ့ကြပြီး မေလ (၁၅) ရက်နေ့အထိ (၂) … Read more
-
မုန်တိုင်းအသိပညာပေး ဗီးနိုင်းဆိုင်းဘုတ် စိုက်ထူနေမှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများသည် ရာသီအလိုက်ဖြစ်ပွားတက်သော ဘေးများနှင့် ပတ်သက်၍ဆောင်ရန်၊ ရှောင်ရန်အချက်များကို အများပြည်သူသိရှိစေရန်အတွက် အသိပညာပေးဗီးနိုင်းပိုစတာများ လဲလှယ်တပ်ဆင်သွားနိုင်မည့် (၉ပေx၆ပေ) မြေစိုက်ဆိုင်းဘုတ်(၅)ခု အနက်မှ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိဈေးတွင် မုန်းတိုင်းအသိပညာပေးဆိုင်းဘုတ်(၁)ခု ကို (၁၅.၅.၂၀၁၉) ရက်နေ့တွင် စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_str #npw_may2019 Source – နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကျေးရွာအုပ်စု (၅) အုပ်စု၊ ကျေးရွာ (၅) ရွာ၌ အိမ်ခြေ (၂၁) လုံး အမိုးလန်ပျက်စီးမှုကြောင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (ကျားလုံချည်၊ မလုံချည်၊ တဘက်၊ တီရှပ်၊ ဆပ်ပြာ) (၂၁) အိမ်ထောင်စာ၊ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပ့ံငွေ (၆၉၆၈၀၀/-) ကျပ်အား ပုလဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးနိုင်ရန် … Read more
-
မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ စီတုန်းကျေးရွာအုပ်စု၊ မြန်မာစီဂွကျေးရွာတွင် (၁၃.၅.၂၀၁၉) ရက်နေ့က ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံး (ပညာရေးဝန်ထမ်း) (၁)ဦးအား (၁၄.၅.၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ငွေ (၃၀၀၀၀ဝ)ကျပ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဘေးသင့်ပြည်သူ၏ မိသားစုများ လက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပြီး ရောက်ရှိလာသူများအား မိုးကြိုးဘေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #bgo_may2019 Source: မိုးညိုခရိုင်ဦးစီးမှူးရုံး (ဘစမ)









