လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ပေပင်စမ်းကျေးရွာအုပ်စု၊ လျော်တောင်ကျေးရွာတွင် (၁၃-၅-၂၀၁၉)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်သင့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၂၀၀၀၀၀)ကျပ်၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၆၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၆၈၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး အိမ်ထောင်စု (၂)စုစာတို့အား (၁၄-၅-၂၀၁၉)ရက်နေ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_may2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)