သောက်သုံးရေဖြန့်ဝေမှုသတင်း

15 pic_04

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ချောင်းဆင်း(တဲတိုက်)ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၀၀) လုံး၊ အိမ်ထောင်စု (၁၁၀) စု၊ လူဦးရေ (၅၅၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀)အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_drg

#mgy_may2019

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events