ရေနံချောင်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

15 pic_03

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာတွင် (၁၃-၅-၂၀၁၉)ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ. (၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၁၇၀၀၀၀)ကျပ်၊ လူဦးရေ(၃၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆၉၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၃၉၃၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ထောင်စု (၈)စုစာတို့အား (၁၅-၅-၂၀၁၉)ရက်နေ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

#ha_sgw

#mgy_may2019

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events