လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့တွင် မော်လိုက်မြို့နယ်၊ ပန်းသာကျေးရွာအုပ်စု၊ အောင်ချမ်းသာရွာနှင့် သရက်ကုန်းရွာမှ ကျေးရွာနေပြည်သူ (၁၂၀) ဦးခန့်တို့အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အားကာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_may2019
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)