ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုများအပေါ် ပူးပေါင်းဆောင်ရွက် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

15 pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ UNICEF၊ UNDP တို့နှင့် ပူးပေါင်းကျင်းပသော ရာသီဥတုပြောင်းလဲမှုနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုများအပေါ် ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား တောင်ကြီးဟိုတယ်တွင် မေလ (၁၄) ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပရာ ဗမာတိုင်းရင်း သားဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ UN၊ INGO၊ NGO နှင့် CSO အဖွဲအစည်းအသီးသီးမှ တာဝန်ရှိသူများစုစုပေါင်းအင်အား (၉၀) ဦး တက်ရောက်ခဲ့ကြပြီး မေလ (၁၅) ရက်နေ့အထိ (၂) ရက်တာဆက်လက် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_may2019

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events