လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ(၁၁)ရွာတွင် (၁၃-၅-၂၀၁၉)ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ဘုန်းတော် ကြီးကျောင်း(၄)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀ိ/-)ကျပ်၊ ပြိုကျအိမ်ခြေ(၂)လုံးအတွက် (၂၀၀၀၀၀ိ/-)ကျပ်၊ အမိုးလန်အိမ်ခြေ(၃၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၁၆၅၀၀၀၀ိ/-)ကျပ်၊ လူဦးရေ(၁၆၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၄၀၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၅၉၀၂၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး အိမ်ထောင်စု (၂)စုစာနှင့်ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ထောင်စု (၃၃)စုစာတို့အား (၁၄-၅-၂၀၁၉)ရက်နေ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)