လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကျေးရွာအုပ်စု (၅) အုပ်စု၊ ကျေးရွာ (၅) ရွာ၌ အိမ်ခြေ (၂၁) လုံး အမိုးလန်ပျက်စီးမှုကြောင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (ကျားလုံချည်၊ မလုံချည်၊ တဘက်၊ တီရှပ်၊ ဆပ်ပြာ) (၂၁) အိမ်ထောင်စာ၊ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပ့ံငွေ (၆၉၆၈၀၀/-) ကျပ်အား ပုလဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးနိုင်ရန် (၁၄-၅-၂၀၁၉) ရက်နေ့တွင် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
#ha_sgw
#sgg_may2019
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)