Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အောင်လံမြို့နယ်၊ ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာ (၅) ရွာတို့တွင် နေအိမ် (၈) လုံးအမိုးလန်၊ နေအိမ် (၁) လုံး ပြိုကျပျက်စီခဲ့ပြီး အိမ်ထောင်စု (၉) စု၊ လူဦးရေစုစုပေါင်း (၃၈) ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၃၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၇၉၈၀၀ိ/-) ကျပ်နှင့် … Read more
-
သဘာဝဘေးအန္တရာယ်အသိပညာပေး ဗွီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ရာသီအလိုက်ဖြစ်ပွားတက်သောဘေးများနှင့် ပတ်သက်၍ဆောင်ရန်၊ ရှောင်ရန်အချက် များကို အများပြည်သူသိရှိစေရန်အတွက် အသိပညာပေးဗွီနိုင်းပိုစတာများ လဲလှယ်တပ်ဆင် သွားနိုင်မည့် (၉ပေx၆ပေ) မြေစိုက်ဆိုင်းဘုတ် (၅) ခုအနက်မှ ပျဉ်းမနားမြို့နယ်၊ အဟာရသုခ စျေး၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကပြေးစျေးတို့တွင် ရေဘေးအသိပညာပေးဆိုင်းဘုတ် (၂) ခုနှင့် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းစျေး၊ ရွှေကြာပင်စျေးတို့တွင် ငလျင်အသိပညာပေးဆိုင်းဘုတ် (၂) ခု စုစုပေါင်း (၄) ခုတို့ကို (၁၄-၅-၂၀၁၉) ရက်နေ့တွင်စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
နေရပ်စွန့်ခွာရွှေ့ပြောင်းပြည်သူများ၏ ရှေ့ရေးရည်ရွယ်ချက်များ ဆန်းစစ်လေ့လာတင်ပြသည့် အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် UNHCR အဖွဲ့အစည်းတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သော နေရပ်စွန့်ခွာရွှေ့ပြောင်းပြည်သူများ၏ ရှေ့ရေးရည်ရွယ်ချက်များ ဆန်းစစ် လေ့လာတင်ပြသည့် အခမ်းအနားအား( ၁၅ -၅- ၂၀၁၉) ရက်နေ့ (၀၉:၀၀) အချိန်တွင် မြစ်ကြီးနားမြို့ City Park Royal ၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ လှုမှုရေးဝန်ကြီး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီးနှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည့် ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ အလယ်ကျွန်းကျေးရွာရှိ အိမ်ထောင်စု (၅) စု၊ အိမ်ခြေ (၅) အိမ်၊ လူဦးရေ (၁၅) ဦးအတွက် အိမ်ဆောင်ပစ္စည်းဖိုး (၅၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၃၁၅၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၃၁၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စာတို့အား … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၁၅-၅-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်မ ှ(၁၂း၃၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန် /ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများ ပေးအပ်ခြင်းတို့ပြုလုပ်ခဲ့ရာ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ကျေးရွာသူ/သား(၁၂၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_may2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ကန်ပက်လက်မြို့နယ်ရှိ မီးဘေးသင့် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၁၀၅၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံးပါ) (၁) အိမ်ထောင်စာအား (၁၅-၅-၂၀၁၉) ရက်နေ့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ပြည်သူလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #chn_may2019 Source: … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉)ရက်နေ့နှင့် (၇-၅-၂၀၁၉)ရက်နေ့၌ သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့နယ်၊ ကျေးရွာအုပ်စု(၃)စု၊ ကျေးရွာ(၄)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၅)လုံးနှင့် အမိုးလန်နေအိမ်(၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၇၅၀၀၀)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၅)စုရှိ လူဦးရေ(၁၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၃၉၉၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၇၁၄၉၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(ပလပ်စတစ်ပုံးအပါ)(၅)အိမ်ထောင်စာနှင့် (၁၄-၅-၂၀၁၉)ရက်နေ့၌ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကျေးရွာအုပ်စု(၃)စု၊ ကျေးရွါ(၃)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၀၀၀၀)အား (၁၅-၅-၂၀၁၉)ရက်နေ့ (၁၃းဝဝ)နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် လျှင်မြန်စွာတုံ့ပြန်နိုင်ရေးသင်တန်း ကျပ်းပပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် လျှင်မြန်စွာ တုံ့ပြန်နိုင်ရေးသင်တန်းကို (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုတွင် အဆင့်ဆင့်ဆောင်ရွက်နေမှုအခြေအနေများ၊ ရပ်ရွာအဆင့်တွင်ဖွဲ့ စည်းလုပ်ဆောင်ရမည့်အခြေအနေများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနည်းဥပဒေတွင် ပြစ်မှုဆိုင်ရာကိစ္စရပ်များအား တက်ရောက်လာသော သင်တန်းသား (၃၀) ကျော်တို့ကို ရှင်းလင်းဟောပြောပို့ချခဲ့ရာ သင်တန်းကာလမှာ (၁၄-၅-၂၀၁၉) ရက်နေ့မှ (၁၆-၅-၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြာင်းသတင်းရရှိပါသည်။ #ar #ayy_may2019 Source: … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉)ရက်နေ့တွင် ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သော အရှေ့မြောက်. တောင်ရင်းတန်း ကံပြင်(အလယ်) ပြားချောင်းကြီးနှင့် စေတီပြင် စခန်းများသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၁၃၀)စုမှ လူဦးရေ(၄၉၀)ဦးတို့အတွက် အိမ်ထောင်တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (ကျားလုံချည် (၁)ထည် မလုံချည် (၁)ထည် တပတ် (၁)ထည် တီရှပ် (၂)ထည် တန်ဖိုး ၉၈၃ဝိ/-)နှုန်းဖြင့် အိမ်ထောင်စု(၁၃၀)စုအတွက် ကျားလုံချည်(၁၃၀)ထည် မလုံချည်(၁၃၀)ထည် တပတ်(၁၃၀)ထည် တီရှပ် (၂၆၀)ထည် တန်ဖိုးကျပ် (၁၂၇၇၉၀ဝ)အားလည်းကောင်း လူတစ်ဦးလျှင် … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားအား ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသူ/သား (၃၀) ဦး၊ စုစုပေါင်း (၅၀) ဦးဖြင့် ကျင်းပခဲ့ပြီး သင်တန်းကာလမှာ (၁၅-၅-၂၀၁၉) ရက်နေ့မှ (၁၇-၅-၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြာင်းသတင်းရရှိပါသည်။ #ar #mgy_may2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)









