လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားအား ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသူ/သား (၃၀) ဦး၊ စုစုပေါင်း (၅၀) ဦးဖြင့် ကျင်းပခဲ့ပြီး သင်တန်းကာလမှာ (၁၅-၅-၂၀၁၉) ရက်နေ့မှ (၁၇-၅-၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြာင်းသတင်းရရှိပါသည်။
#ar
#mgy_may2019
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)