လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည့် ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ အလယ်ကျွန်းကျေးရွာရှိ အိမ်ထောင်စု (၅) စု၊ အိမ်ခြေ (၅) အိမ်၊ လူဦးရေ (၁၅) ဦးအတွက် အိမ်ဆောင်ပစ္စည်းဖိုး (၅၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၃၁၅၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၃၁၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စာတို့အား ကြံခင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ (၁၅-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ဒေသအထိ သွာရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_may2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)