လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ရာသီအလိုက်ဖြစ်ပွားတက်သောဘေးများနှင့် ပတ်သက်၍ဆောင်ရန်၊ ရှောင်ရန်အချက် များကို အများပြည်သူသိရှိစေရန်အတွက် အသိပညာပေးဗွီနိုင်းပိုစတာများ လဲလှယ်တပ်ဆင် သွားနိုင်မည့် (၉ပေx၆ပေ) မြေစိုက်ဆိုင်းဘုတ် (၅) ခုအနက်မှ ပျဉ်းမနားမြို့နယ်၊ အဟာရသုခ စျေး၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကပြေးစျေးတို့တွင် ရေဘေးအသိပညာပေးဆိုင်းဘုတ် (၂) ခုနှင့် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းစျေး၊ ရွှေကြာပင်စျေးတို့တွင် ငလျင်အသိပညာပေးဆိုင်းဘုတ် (၂) ခု စုစုပေါင်း (၄) ခုတို့ကို (၁၄-၅-၂၀၁၉) ရက်နေ့တွင်စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#npw_may2019
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)