လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉)ရက်နေ့တွင် ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သော အရှေ့မြောက်. တောင်ရင်းတန်း ကံပြင်(အလယ်) ပြားချောင်းကြီးနှင့် စေတီပြင် စခန်းများသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၁၃၀)စုမှ လူဦးရေ(၄၉၀)ဦးတို့အတွက် အိမ်ထောင်တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (ကျားလုံချည် (၁)ထည် မလုံချည် (၁)ထည် တပတ် (၁)ထည် တီရှပ် (၂)ထည် တန်ဖိုး ၉၈၃ဝိ/-)နှုန်းဖြင့် အိမ်ထောင်စု(၁၃၀)စုအတွက် ကျားလုံချည်(၁၃၀)ထည် မလုံချည်(၁၃၀)ထည် တပတ်(၁၃၀)ထည် တီရှပ် (၂၆၀)ထည် တန်ဖိုးကျပ် (၁၂၇၇၉၀ဝ)အားလည်းကောင်း လူတစ်ဦးလျှင် ဆန်ရိက္ခာ(၁)လစာဖိုးကျပ် (၉၀၀ဝ)နှုန်းဖြင့် လူဦးရေ(၄၉၀)ဦးအတွက် ဆန်ရိက္ခာ (၁)လစာဖိုးကျပ်(၄၄၁၀၀၀ဝ) အားလည်းကောင်း (၁၅-၅-၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ တိုက်ပွဲရှောင် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_may2019
Source – ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)