သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် လျှင်မြန်စွာတုံ့ပြန်နိုင်ရေးသင်တန်း ကျပ်းပပြုလုပ်မှု သတင်း

15 pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်မှုဖြင့်  ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် လျှင်မြန်စွာ တုံ့ပြန်နိုင်ရေးသင်တန်းကို (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး  သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုတွင် အဆင့်ဆင့်ဆောင်ရွက်နေမှုအခြေအနေများ၊ ရပ်ရွာအဆင့်တွင်ဖွဲ့ စည်းလုပ်ဆောင်ရမည့်အခြေအနေများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနည်းဥပဒေတွင် ပြစ်မှုဆိုင်ရာကိစ္စရပ်များအား တက်ရောက်လာသော သင်တန်းသား (၃၀) ကျော်တို့ကို ရှင်းလင်းဟောပြောပို့ချခဲ့ရာ သင်တန်းကာလမှာ (၁၄-၅-၂၀၁၉) ရက်နေ့မှ (၁၆-၅-၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြာင်းသတင်းရရှိပါသည်။

#ar

#ayy_may2019

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events