လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အောင်လံမြို့နယ်၊ ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာ (၅) ရွာတို့တွင် နေအိမ် (၈) လုံးအမိုးလန်၊ နေအိမ် (၁) လုံး ပြိုကျပျက်စီခဲ့ပြီး အိမ်ထောင်စု (၉) စု၊ လူဦးရေစုစုပေါင်း (၃၈) ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၃၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၇၉၈၀၀ိ/-) ကျပ်နှင့် ပြိုကျနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၇၅၀၀၀ိ/-) ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၃၅၄၈၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၈) အိမ်ထာင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁) အိမ်ထောင်စာတို့အား အောင်လံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးများလက်ဝယ်သို့ (၁၅-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ အတွက် သွာရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)