နေရပ်စွန့်ခွာရွှေ့ပြောင်းပြည်သူများ၏ ရှေ့ရေးရည်ရွယ်ချက်များ ဆန်းစစ်လေ့လာတင်ပြသည့် အခမ်းအနားကျင်းပပြုလုပ်မှုသတင်း

15_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် UNHCR အဖွဲ့အစည်းတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သော နေရပ်စွန့်ခွာရွှေ့ပြောင်းပြည်သူများ၏ ရှေ့ရေးရည်ရွယ်ချက်များ ဆန်းစစ် လေ့လာတင်ပြသည့် အခမ်းအနားအား( ၁၅ -၅- ၂၀၁၉) ရက်နေ့ (၀၉:၀၀) အချိန်တွင် မြစ်ကြီးနားမြို့ City Park Royal ၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ လှုမှုရေးဝန်ကြီး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီးနှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက IDP စခန်းပိတ်သိမ်းနိုင်ရေး မဟာဗျူဟာရေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပြီးနောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ရုံးတာဝန်ခံ Mr.Cilff Alvirico က နေရပ်စွန့်ခွာပြောင်းရွှေ့သူများ၏ ရှေ့ရေးရည်ရွယ်ချက်များ ဆန်းစစ်လေ့လာ တင်ပြခဲ့ပြီးနောက် တက်ရောက်လာသော ဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ar

#kcn_may2019

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events