Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ တုံးလှဲကျေးရွာနှင့် ညောင်ပင်ဆိပ်ကျေးရွာတို့တွင် (၂၀.၅.၂၀၁၉)ရက်နေ့၊ (၁၅း၀၀)နာရီချိန်၌ မိုးရွာသွန်းပြီးလေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ(၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)၊ အမိုးလန်အိမ်ခြေ(၇)လုံးအတွက် (၁)အိမ်လျင်(၅၀၀၀၀/-)နှုန်းဖြင့် အိမ်ဆောက်ပ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀၀၀၀/-)နှင့် လေဘေးသင့်ပြည်သူ (၃၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈၁၉၀၀/-)၊စုစုပေါင်းထောက်ပံ့ငွေ(၈၃၁၉၀၀/-) နှင့် ပြိုကျအိမ်ခြေ (၃)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စုစာတို့အား (၂၂.၅.၂၀၁၉) နံနက်ပိုင်းတွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2019 Source – … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ် ခရိုင်၊ ကန်ကြီးထောင့့်မြို့နယ်၊ ဝက်ထိုးကျေးရွာအုပ်စု၊ ဝက်ထိုးကျေးရွာနှင့့် ညောင်ပင်စုကျေးရွာ ၌ (၂၁-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ အမိုးလန် နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာ (၇) … Read more
-
တိုက်ပွဲရှောင်စခန်းများရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉)ရက်နေ့တွင် ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သော တောင်ရင်းတန်း၊ အရှေ့မြောက်၊ စေတီပြင်၊ ခွဆုံ၊ ကညင်ချောင်း၊ ပေါက်ပင်ရင်း၊ တင်းကုတ်နှင့် အောက်ကျောင်းတောင်စခန်းများသို့ ထပ်မံရောက်ရှိ လာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၁၆၀)စုမှ လူဦးရေ(၈၂၃)ဦးတို့အတွက် အိမ်ထောင်တစ်စုလျှင် ကယ်ဆယ် ရေးပစ္စည်း(၄)မျိုး (ကျားလုံချည် (၁)ထည၊် မလုံချည် (၁)ထည်၊တပတ် (၁)ထည်၊ တီရှပ် (၂)ထည် )တန်ဖိုး (၉,၈၃ဝ) ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၁၆၀)စုအတွက် ကျားလုံချည်(၁၆၀)ထည်၊ မလုံချည်(၁၆၀)ထည်၊ တပတ်(၁၆၀)ထည်နှင့် တီရှပ် (၃၂၀)ထည်၊ … Read more
-
ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည် “ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း အစီအစဉ်”ကို (၂၂.၅.၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီမှ ၁၂း၀၀နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၂၃)ရပ်ကွက်၊ ကသည်းစုရပ်၌ ဆောင်ရွက်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် တောင်ငူမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ (ERT) နှင့် တောင်ငူရှာဖွေကယ်ဆယ်လူမှုရေးအသင်းအဖွဲ့ဝင်မျ ား၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ပြည်သူလူထုအပါအဝင် စုစုပေါင်းအင်အား(၃၅၀)ဦး ပူးပေါင်းပါဝင်ခဲ့ပြီး ငလျင်လှုပ်စဉ်ကြုံတွေနိုင်သော ကဏ္ဍအလိုက်တာဝန်များ ခွဲဝေပြီးစနစ်တကျဆောင်ရွက်ခြင်း၊ စားရေရိက္ခာများဝေငှပေးဝေခြင်းများကိုဆောင့်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #simex #bgo_may2019 Source – ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျောင်ကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဝက်ခြံဂရက်ကျေးရွာအုပ်စု၊ ဇီးငူအုပ်စု၊ မကျည်းပင်ကွင်းအုပ်စုတို့တွင် (၂၀-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၉) အိမ်ထောင်စာ (၂၉၁၁၇၇/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀/-) ကျပ်၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၄၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၂၀၀၀၀၀/-) ကျပ်၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၅.၂၀၁၉) ရက်နေ့ ညောင်ရွှေမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ် (၁၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ (၁၄)စုစာနှင့်အမိုးလန် (၅) အိမ်ထောင်စုအတွက် ကယ်ဆယ်ပစ္စည်း (၁၀)မျိုး (၅) စုစာတို့နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ရန်ပုံငွေ (၁၈၅၀၀၀၀) အား (၂၂ .၅.၂၀၁၉) ရက်နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_may2019 Source – ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဒုတိယဝန်ကြီး ဦးစိုးအောင်အား International Crisis Group ရုံးခွဲဥက္ကဌက လာရောက်တွေ့ဆုံ
မေ ၂၂၊ နေပြည်တော် ^^^^^^^^^^^^^^^^ *လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား အမေရိကန်ပြည်ထောင်စုရှိ International Crisis Group ရုံးခွဲမှ ဥက္ကဌ ဖြစ်သူ Mr. Robert Malley ဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ *တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန(၃)ခု၏ အဓိက လုပ်ငန်းတာဝန်များ၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆို်င်ရာလုပ်ငန်းအဖွဲ့ကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ဖွဲ့စည်းထားမှု၊ … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကျွန်းသာယာ ကျေးရွာအုပ်စု၊ ညောင်ပိတ်ကျေးရွာရှိ ညောင်ပိတ် School Shelter တွင် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းကို (၂၀-၅-၂၀၁၉) ရက်နေ့မှ (၂၂-၅-၂၀၁၉) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်ခန်းစာများအပြင် ရပ်ရွာအခြေပြု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုမိတ်ဆက်အဖြစ် ရပ်ရွာမြေပုံများ ရေးဆွဲစေခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ မိတ်ဆက်သင်ခန်းစာများပို့ချခဲ့၍ (၂၂-၅-၂၀၁၉) ရက်နေ့တွင် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မအူပင်မြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့တွင် နေအိမ်များ ပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သောကြောင့် မအူပင်မြို့နယ် ပေကုန်းကျေးရွာအုပ်စု၊ ခုနှစ်အိမ်တန်းကျေးရွာရှိ ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀/-) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၈) လုံး အိမ်ထောင်စု (၈) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဦးမြို့နယ်၊ မြင်းပေါက်ကျေးရွာအုပ်စု၊ တောင်ကုန်းကျေးရွာတွင် (၁၆-၅-၂၀၁၉) နေ့ လေဘေးကြောင့် တစ်စိတ်တပိုင်းပျက်စီးခဲ့သော အိမ်ထောင်စု(၁)စု အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၃၀၀၀၀/)ကျပ်ကို (၂၂-၅- ၂၀၁၉) ရက်နေ့တွင် ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2019 Source – ရေဦးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









