လေဘေးထောက်ပံ့မှုသတင်း

22 Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မအူပင်မြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့တွင် နေအိမ်များ ပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သောကြောင့် မအူပင်မြို့နယ် ပေကုန်းကျေးရွာအုပ်စု၊ ခုနှစ်အိမ်တန်းကျေးရွာရှိ ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀/-) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၈) လုံး အိမ်ထောင်စု (၈) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၂၄၀၀၀၀/-) ကျပ်၊ လူဦးရေ (၃၈) ဦးအတွက်ဆန်ရိက္ခာပစ္စည်းဖိုး (၇၉၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၄၁၉၈၀၀/-) ကျပ်အားလည်းကောင်း မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာအုပ်စု၊ ဖြတ္တာပိုင်းကျေးရွာနှင့် တာပေါက်ကျေးရွာရှိ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စုနှင့် လူဦးရေ (၂၉) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၁၈၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၀၉၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ ရန်ပုံငွေ (၂၄၀၉၀၀/-) ကျပ်တို့အား (၂၂-၅-၂၀၁၉) ရက်နေ့တွင် မအူပင်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးခဲ့ပြီး ပန်းတနော်မြို့နယ်၊ မိုးဟုတ်ကျေးရွာအုပ်စု၊ ကျုံတမားကျေးရွာရှိ ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်း ဖိုးရန်ပုံငွေ (၁၀၀၀၀၀/-) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၂၄၀၀၀၀/-) ကျပ်နှင့် စုစုပေါင်း လူဦးရေ (၃၀) ဦးအတွက် ဆန်ရိက္ခာ ပစ္စည်းဖိုး (၆၃၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၄၀၃၀၀၀/-) ကျပ်အား တာဝန်ရှိသူ များနှင့်အတူ (၂၂-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_sgw

#ayy_may2019

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events