သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းကျင်းပပြုလုပ်မှုသတင်း

22_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကျွန်းသာယာ ကျေးရွာအုပ်စု၊ ညောင်ပိတ်ကျေးရွာရှိ ညောင်ပိတ် School  Shelter တွင် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းကို (၂၀-၅-၂၀၁၉) ရက်နေ့မှ (၂၂-၅-၂၀၁၉) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်ခန်းစာများအပြင် ရပ်ရွာအခြေပြု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုမိတ်ဆက်အဖြစ် ရပ်ရွာမြေပုံများ ရေးဆွဲစေခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ မိတ်ဆက်သင်ခန်းစာများပို့ချခဲ့၍ (၂၂-၅-၂၀၁၉) ရက်နေ့တွင် သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#ar

#ayy_may2019

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events