Category Archives: News
-
ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်မြတ်အေးတက်ရောက်အမှာစကားပြောကြားမှုသတင်း
မေ၂၅၊နေပြည်တော် နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်မြတ်အေးသည် ယမန်နေ့က ကျင်းပပြုလုပ် သောပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအဆုံးသတ်ရေး နိုင်ငံတကာညီလာခံ၌ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် တက်ရောက်လာကြသည့် ဂုဏ်သရေရှိလူကြီးမင်းများ အားလုံးကို မင်္ဂလာပါလို့ ဦးစွာပထမနှုတ်ခွန်းဆက်သအပ်ပါကြောင်း၊ CEDAW, CRC, CRPD, ICESCR, Beijing Platform for Action, Sustainable Development Goals and UNSCR 1325 စသည့် ကတိကဝတ်များနှင့် ပတ်သက်၍ … Read more
-
ဘိလပ်မြေအိတ်များနှင့် သွပ်ချပ်များ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ အမှတ် (၁၄၀) ခြေလျင်တပ်ရင်း၌ (၃၁-၃-၂၀၁၉) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အဆောက်အဦ အမိုးသွပ်များလန်ခြင်းနှင့် နံရံပြိုကျခြင်းတို့ကြောင့် စစ်သည်/မိသားစုများ၏ အဆောက်အဦများ ပြန်လည် ပြင်ဆင်နိုင်ရေးအတွက် ဘိလပ်မြေအိတ် (၄၀၀) အိတ်အတွက် (၃၂၀၀၀၀၀/-) (ကျပ်သုံးဆယ့် နှစ်သိန်းတိတိ) နှင့် အလူဇင့် သွပ် (အိန္ဒိယ)(၁၀’) အချပ် (၃၀၀) ချပ်ကို အမှတ် (၁၄၀) ခြေလျင်တပ်ရင်းမှ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့ ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၁၆) စု ကျေးရွာ (၆၄) ရွာရှိ အမိုးလန်နေအိမ် (၂၀၇) လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း (၅) ကျောင်း၊ ပြိုလဲနေအိမ် (၁၁) လုံး၊ ပြိုလဲဘုန်းကြီးကျောင်း (၁) ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၇၄၉၈၅၀/-) ကျပ်၊ ပြိုလဲ (၁၁) အိမ်ရှိ လူဦးရေ (၃၅) … Read more
-
ဘီးလင်းမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၅-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ တောင်းစွန်းကျေးရွာအုပ်စု၊ ကရင်စုကျေးရွာတွင် လေပြင်းတိုက်ခက်မှုကြောင့် နေအိမ်(၁)လုံးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ(၁)အိမ်ထောင်စာတို့ကို (၂၄-၅-၂၀၁၉)ရက်နေ့(၁ရး၃၀)နာရီအချိန်တွင် လေဘေးသင့် ပြည်သူထံ့သို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) # ha_sgw # mon _may2019
-
ယာယီရေလှောင်ကန်များပြုလုပ်ရန် မိုးကာစများနှင့် ရေခပ်ပုံးများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၄-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှု အခက်အခဲ ကြုံတွေ့နေရသော ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်နှင့် တောင်ဖီလာရပ်ကွက်ရှိ ပြည်သူများအတွက် ယာယီရေသိုလှောင်ကန် ပြုလုပ်ပေးနိုင်ရန် (၁၅x၁၅) ပေပတ်လည် မိုးကာစ (၃၇) ချပ်နှင့် ရေခပ်ပုံး (၃၇) ပုံးအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရေဖြန့်ဝေရေး ကော်မတီတာဝန်ခံများထံသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #sgg_may2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉)ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်အုပ်စုစံပြရွာနှင့် ဝမ်ကန်ရွာတိုတွင် လေပြင်းတိုက်ခက်မှုကြောင့် လေဘေးတွင်သွပ်မိုးများလန်သွားသဖြင့် လေဘေးသင့်အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးပါ(၂)အိမ်ထောင်စာတို့ကို (၂၄-၅-၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူထံ့သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) # ha_sgw # shn _may2019
-
သောက်သုံရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော ပခုက္ကူမြို့နယ်၊ မကျည်းသုံးပင်ကျေးရွာအုပ်စု၊ မကျည်းသုံးပင် ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၁၃၂) စုအတွက် သောက်သုံးရေဂါလံ (၆၈၀၀) ကို လည်းကောင်း၊ ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၁၈) အတွက် သောက်သုံးရေဂါလံ (၃၆၀၀) ကိုလည်းကောင်း၊ စုစုပေါင်း သောက်သုံးရေဂါလံ (၁၀၄၀၀) ကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်+ အခြားရေသယ်ယာဉ် … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ ကူးကားကျေးရွာအုပ်စု၊ ဆင်ဇာ ကျေးရွာ၌ (၂၃-၅-၂၀၁၉) ရက်နေ့၊ (၂၀း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ဘုန်းကြီးကျောင်း (၁) ကျောင်း၊ အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၄,၆၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၃၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉)ရက်နေ့နှင့်(၂၁-၅-၂၀၁၉)ရက်နေ့တို့တွင် လေပြင်းတိုက်ခက်မှုကြောင့် မိုးညိုမြို့နယ်တွင် ကျေးရွာအုပ်စု(၁၁)စုတွင် ဖြစ်ပွားခဲ့သော လေဘေးတွင် ပြိုလဲနေအိမ်(၁၃)လုံး၊ အမိုးလန်နေအိမ်(၃၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၉၁၆၀၀၀/-)ကျပ်၊ လူဦးရေ(၄၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၆၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁၃)အိမ်ထောင်စာတို့အား(၂၄-၅-၂၀၁၉)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအစည်းအဝေးခန်းမတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) # ha_sgw # bgo _may2019
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၄-၅-၂၀၉)ရက်နေ့တွင် စစ်ကိုင်းတောင်ပေါ်ရှိ သောက်သုံးရေရှားပါးလျက်ရှိသော ဘုန်းတော်ကြီးကျောင်းများအတွက် ရေဖိုးအလှူငွေ(၄၀၀၀၀၀/-) ကျပ်အား စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် သုခကာရီကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းထံသို့ ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ha_drg # sgg_may2019









