ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်မြတ်အေးတက်ရောက်အမှာစကားပြောကြားမှုသတင်း

25 _ Pic 02 25 _ Pic 03

မေ၂၅၊နေပြည်တော်

နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်မြတ်အေးသည် ယမန်နေ့က ကျင်းပပြုလုပ် သောပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအဆုံးသတ်ရေး နိုင်ငံတကာညီလာခံ၌ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် တက်ရောက်လာကြသည့် ဂုဏ်သရေရှိလူကြီးမင်းများ အားလုံးကို မင်္ဂလာပါလို့ ဦးစွာပထမနှုတ်ခွန်းဆက်သအပ်ပါကြောင်း၊ CEDAW, CRC, CRPD, ICESCR, Beijing Platform for Action, Sustainable Development Goals and UNSCR 1325 စသည့် ကတိကဝတ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာနှင့် ကျား၊မရေးရာအကြမ်းဖက်မှုများ ပပျောက်စေရန် မူဝါဒများ၊ ဥပဒေများ၊ မူဘောင်များနှင့် စီမံကိန်းများကိုချမှတ်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၃-၂၀၂၂) နှင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့် ပဋိပက္ခကာလအတွင်း လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုကာကွယ်ရေး အထူးကိုယ်စားလှယ်နှင့်ချုပ်ဆိုထားသည့် ပူးတွဲစာချုပ် ( Joint Communique with the Special Representative for Sexual Violence in Conflict) တို့ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤပူးတွဲစာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် အမျိုးသားအဆင့်ကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင် ရာဝန်ကြီးဌာနများမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားရှိပြီး အမျိုးသားအဆင့် စီမံကိန်းကို လည်းရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျနေမှုများ၊ အဆင်မပြေမှုများစွာနှင့် ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးသည့်နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါကြောင်း၊ မကြာသေးမီနှစ်များအတွင်း အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ထို့နောက် ပြည်ထောင်စုသဘောတူညီချက်အသစ်တစ်ခုကိုပြုလုပ်ခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်အသစ်အတွက် အခြေခံစည်းမျဉ်းများကို ထည့်သွင်းရေးဆွဲခဲ့ပါကြောင်း၊ ကဏ္ဍစုံတွင် အမျိုး သမီးများအား အနည်းဆုံး (၃၀) ရာခိုင်နှုန်းပါဝင်နိုင်စေရန်၊ ကျား၊မအခြေပြုအကြမ်းဖက်မှုများကို ကာကွယ် ပေးသော မူဝါဒများနှင့်လုပ်ငန်းစဉ်များကိုနိုင်ငံတကာနှင့်အညီ ပြဋ္ဌာန်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းဆောင်ရွက်ချက်များသည် တိုင်းပြည်၏အနာဂါတ်တွင် အမျိုးသမီးကဏ္ဍနှင့် ကျား၊ မတန်းတူညီမျှ ရေးကို တိုးတက်အောင်ဆောင်ရွက်ပေးနိုင်မည့်အခြေခံအချက်များပင်ဖြစ်ပါကြောင်း၊ Gender-responsive budgeting စီမံချက်သည် ပြည်သူ့အစိုးရမှ တာဝန်ယူဆောင်ရွက်နေသည့် ဆောင်ရွက်ချက်များထဲမှ တစ်ခုလည်းဖြစ်ပါကြောင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ၏အကျိုးကိုရှေးရှု့၍ လူမှုရေးကဏ္ဍများ တွင် ဘဏ္ဍာငွေခွဲဝေပေးမှုမှာ ၂၀၁၆ ခုနှစ်နှင့် ယခုနှစ်နှိုင်းယှဉ်လျှင် (၃) ဆ တိုးမြှင့်လာသည်ကို တွေ့ရှိရပါ ကြောင်း၊သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ထိခိုက်လွယ်သည့်အုပ်စုများ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ၊ ကျား/ မရေးရာအကြမ်းဖက်မှုများကိုခံစားနေရသူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများလုပ်ဆောင်ရာတွင် ပိုမို အဆင်ပြေချောမွေ့လာပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် လိင်ပိုင်းဆိုင်ရာနှင့် ကျား/မရေးရာ အကြမ်းဖက်မှုများကို ကာကွယ်ပေးရန်နှင့် အကြမ်းဖက်ခံရသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်ပါကြောင်းနှင့် ယင်းလုပ်ငန်းဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။ အဆိုပါနိုင်ငံတကာညီလာခံအား နော်ဝေနိုင်ငံအစိုးရမှကြီးမှူးကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ပေါင်းတစ်ရာကျော်မှ တက်ရောက်သူဦးရေ (၇၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

#hl1

#may2019

 

Sign Up

Upcoming Events