သောက်သုံရေများဖြန့်ဝေပေးမှုသတင်း

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၄-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော ပခုက္ကူမြို့နယ်၊ မကျည်းသုံးပင်ကျေးရွာအုပ်စု၊ မကျည်းသုံးပင် ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၁၃၂) စုအတွက် သောက်သုံးရေဂါလံ (၆၈၀၀) ကို လည်းကောင်း၊ ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၁၈) အတွက် သောက်သုံးရေဂါလံ (၃၆၀၀) ကိုလည်းကောင်း၊ စုစုပေါင်း သောက်သုံးရေဂါလံ (၁၀၄၀၀) ကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်+ အခြားရေသယ်ယာဉ် (၁) စီး တို့ဖြင့် သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊ သောက်သုံးရေဖြန့်ဝေနိုင်ရန်အတွက် သီဟိုဋ္ဌ်ရှင် ဘုရားကြီးဂေါပက အဖွဲ့ ရေတိုင်၊ ကောင်းဂုဏ်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း (ကမ္မမြို့) နှင့် အမှတ် (၆) ရပ်ကွက် (ကမ္မမြို့) အရေးပေါ်ရေတိုင်တို့မှ ရေကားများသို့ သောက်သုံးရေအခမဲ့ဖြည့်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပံ့ပိုး ခဲ့ပါသည်၊၊ သောက်သုံးရေဖြန့်ဝေရာတွင် ကမ္ဘာမြေချစ်သူများအဖွဲ့ (ကမ္မ)၊ ရန်ကုန်မြို့ ရန်ကင်း TTC 97/98 ကျောင်းသား/ သူဟောင်းများ၊ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း (ရေစကြို) အတွင်းရေးမှူး၊ စေတနာရှင်ပြည်သူများ၊ ပခုက္ကူမြို့နယ်၊ မကျည်းသုံးပင်ကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူး၊ ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကျေးရွာများအရောက် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_drg

#mgy_may2019

 

Sign Up

Upcoming Events