ဘီးလင်းမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၅-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ တောင်းစွန်းကျေးရွာအုပ်စု၊ ကရင်စုကျေးရွာတွင် လေပြင်းတိုက်ခက်မှုကြောင့် နေအိမ်(၁)လုံးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ(၁)အိမ်ထောင်စာတို့ကို (၂၄-၅-၂၀၁၉)ရက်နေ့(၁ရး၃၀)နာရီအချိန်တွင် လေဘေးသင့် ပြည်သူထံ့သို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

# ha_sgw

# mon _may2019

 

Sign Up

Upcoming Events