လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ အမှတ် (၁၄၀) ခြေလျင်တပ်ရင်း၌ (၃၁-၃-၂၀၁၉) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အဆောက်အဦ အမိုးသွပ်များလန်ခြင်းနှင့် နံရံပြိုကျခြင်းတို့ကြောင့် စစ်သည်/မိသားစုများ၏ အဆောက်အဦများ ပြန်လည် ပြင်ဆင်နိုင်ရေးအတွက် ဘိလပ်မြေအိတ် (၄၀၀) အိတ်အတွက် (၃၂၀၀၀၀၀/-) (ကျပ်သုံးဆယ့် နှစ်သိန်းတိတိ) နှင့် အလူဇင့် သွပ် (အိန္ဒိယ)(၁၀’) အချပ် (၃၀၀) ချပ်ကို အမှတ် (၁၄၀) ခြေလျင်တပ်ရင်းမှ ဗိုလ်အောင်ဇော်ဇော်ထံသို့ (၂၄/၂၅-၅-၂၀၁၉) ရက်နေ့များတွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_may2019