လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့ ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၁၆) စု ကျေးရွာ (၆၄) ရွာရှိ အမိုးလန်နေအိမ် (၂၀၇) လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း (၅) ကျောင်း၊ ပြိုလဲနေအိမ် (၁၁) လုံး၊ ပြိုလဲဘုန်းကြီးကျောင်း (၁) ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၇၄၉၈၅၀/-) ကျပ်၊ ပြိုလဲ (၁၁) အိမ်ရှိ လူဦးရေ (၃၅) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၇၃၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၈၂၃၃၅၀/-) ကျပ်အား (၂၄- ၅- ၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_sgw
#bgo_may2019
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)